၂၀၁၆ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာ လိင်ကျွန်ကူးခံရမှု ဖြစ်ရပ်ကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး ထိုင်းအမျိုးသမီး ရာပေါင်းများစွာ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့သို့ လူကုန်ကူးခံခဲ့ရခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၁ခုနှစ်၌ တရားခံ ၃၆ ဦးအား လူကုန်ကူးခြင်းနှင့် ပတ်သက်ဆက်နွယ်နေသော ရာဇဝတ်မှုများကို ပြစ်ဒဏ်ချမှတ်ခဲ့သည်။ Thai Community Development Center သည် လူထုအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး US Prosecution and Investigation အဖွဲ့နှင့် ပူးပေါင်း၍ မတရားခံရမှုမှ လွတ်မြောက်လာသူများကို ဦးတည်၍ လူမှုဝန်ဆောင်မှုနှင့် တရားမျှတမှုရရှိရေးတို့ကို လုပ်ဆောင်နေသည်မှာ ဆယ်စုနှစ်သုံးခုခန့်ရှိပြီ ဖြစ်သည်။
Panida Rzonca နှင့် Tonya Price တို့သည် ထိုဖြစ်ရပ်များမှ ရရှိခဲ့သော သင်ခန်းစာများကို ဆွေးနွေးသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် နစ်နာသူများအတွက် ဝန်ဆောင်မှုပေးသည့် နည်းလမ်းများနှင့် ဥပဒေစိုးမိုးရေးဝာာဝန်ရှိသူများနှင့် ပူးတွဲ၍ တရားမျှတမှုအတွက် နစ်နာသူများကိုဦးတည်ပြီး စိတ်ဒဏ်ရာကုစားရေးတို့ကို လုပ်ဆောင်သည့်နည်းလမ်းများကို အပြန်အလှန်ဆွေနွေးသွားမည်ဖြစ်သည်။
Tonya Price သည် အမေရိကန်ပြည်ထောင်စုမှ HSI Supervisory Speical Agent တစ်ဦးဖြစ်ပြီး လူကုန်ကူးခြင်းနှင့် ကလေးသူငယ်အမြတ်ထုတ်မှုတို့နှင့် ပတ်သက်၍ တာဝန်ရှိသူဖြစ်သည်။ လွှတ်တော်ကွန်ဂရက်အတွင်း HSI ကို ကိုယ်စားပြုသူလည်း ဖြစ်သည်။ Tonya သည် လူကုန်ကူးမှုနှင့် ပတ်သက်၍ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး လူကုန်ကူးခံရသည့် အမှုပေါင်း ၇၀ ကျော်ကို စုံစမ်းစစ်ဆေးခဲ့သူလည်းဖြစ်သည်။ ဘန်ကောက်ဖြစ်ရပ်နှင့် ပတ်သက်၍လည်း ဦးစီးအရာရှိတစ်ဦးဖြစ်သည်။ သူမသည် Peer Support အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စုဆောင်းခန့်အပ်သူတစ်ဦးလည်းဖြစ်ကာ အရည်အသွေးအသိမှတ်ပြုအေးဂျင့်တစ်ဦးအဖြစ် ၁၀နှစ်ကြာ လုပ်ကိုင်နေသူဖြစ်သည်။
Panida Rzonca၊ JD၊ သည် Thai Community Development Center တွင် ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး လူမှုရေးနှင့် ဥပဒေအကြံဉာဏ်များ ပေးလျက်ရှိသည်။ စိတ်ဒဏ်ရာအကြောင်းကိုနားလည်ပြီ နစ်နာသူများ၏ အခွင့်အရေးအတွက် ယဥ်ကျေးမှုနှင့် ဘာသာဗေဒရှုထောင့်တို့မှ ဥပဒေအကြံဉာဏ်များ ပေးလျက်ရှိသည်။ ယင်းတို့တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကူအညီများ၊ အလုပ်သမားအခွင့်အရေး၊ နစ်နာသူအခွင့်အရေးအတွက် တောင်းဆိုမှုများ၊ တရားခွင်တွင် နစ်နာသူအားကိုယ်စားပြုခြင်း၊ တရားမမှုဆိုင်ရာ ဥပဒေအကြံပေးနှင့် မိသားစုပြန်လည်ပေါင်းစည်းရေးတို့အတွက်လည်း လုပ်ဆောင်ပေးလျက်ရှိသည်။ Panida သည် လက်ရှိတွင် California Access to Justice Commission တွင် ကော်မစ်ရှင်နာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
Moderator - Pattraporn Chuenglertsiri သည် မဟီဒေါတက္ကသိုလ်ရှိ လူဦးရေနှင့် လူမှုရေးရာသုတေသန အင်စတီကျုမှ သင်တန်းပို့ချသူတစ်ဦးဖြစ်သည်။ သူမသည် ဆွီဒင်နိုင်ငံ Lund University မှ ဂျန်ဒါလူမှုရေးရာလေ့လာမှုဖြင့် မဟာဘွဲ့ ရရှိခဲ့ပြီး ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ လေ့လာမှုဖြင့် ပါရဂူဘွဲ့ရရှိထားသူ ဖြစ်သည်။ သူမသည် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်ခြင်း၊ ဂျန်ဒါနှင့် အဖယ်ကျဥ်ခံအုပ်စုများအရေး လုပ်ကိုင်ရာတွင် အတွေ့အကြုံရှိသူတစ်ဦးဖြစ်သည်။
ဆွေးနွေးပွဲတွင် တပြိုင်နက်ဘာသာပြန်ဆိုမှု ပါဝင်မည်ဖြစ်ပြီး ဘန်ကောက်အခြေစိုက် အလွတ်တန်းသတင်းထောက် Nanchanok Wongsamuth မှ ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။ သူမသည် ယခင်က သောမတ်စ်ရိုက်တာဖောင်ဒေးရှင်းတွင် ကျွန်အဖြစ်ခိုင်းစေခြင်းနှင့် လူကုန်ကူးခံရခြင်းတို့အတွက် သတင်းပေးပို့သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ကျွမ်းကျင်ဘာသာပြန်ဆိုသူတစ်ယောက်အဖြစ် လုပ်ကိုင်လျက်ရှိသည်။
ဤပွဲကို Zoom မှတစ်ဆင့် တက်ရောက်ရန် -
Zoom ID: 820 0621 2704
Passcode: 927808